Earthquake Forum Yangon

Oct 8, 2016 8:30 AM (GMT+6.5) Myanmar Convention Center, Yangon Myanmar Convention Center, Yangon, Yangon Region, Myanmar (Burma)

Loading tickets
Enter your promotional code: Apply Cancel

Add me to the waiting list

Please fill in the form below and we will get back to you as soon as there is a spot which frees up.

Thank you, Jonathan Easton

We have added you to our waiting list and you will be contacted as soon as a ticket becomes available.

Back to ticket listing

"ARE WE READY TO RESPOND EARTHQUAKE?"

FORUM ON EARTHQUAKE PREPAREDNESS AND RESPONSE CAPACITY OF YANGON

Myanmar is the second largest country in South East Asia Region Myanmar's geographic position exposes its over 50 million inhabitants to a variety of natural hazards. The low-lying south coast was struck by the 2004 Indian Ocean tsunami, and again in May 2008 by Cyclone Nargis, which caused the country's worst natural disaster, killing 140,000 people, cyclone Giri in 2010 and countrywide flood in 2015 and 2016.

Being located on geological faults like Sagaing, Kyauk Kyan and Rakhine fault, earthquakes are also significant hazards of Myanmar. In the history of Myanmar, there were major earthquakes which caused loss of lives and enormous loss and damages of historical buildings and houses. In 2011, a 6.9 magnitude quake was centered in eastern Shan State and the death toll was estimated at around 80 people. In 2012, the Shwe Bo 6.8 magnitude quake, caused by the Sagaing Fault, struck an area about 100 km north of Mandalay. An estimated 26 people died and significant damage occurred. Recently in April 2016, there was an earthquake of 6.8 magnitude hit near Maw Lite Township in Sagaing Region and very recently in August 2016, there was same magnitude 6.8 hit near Chauk Township in Magway Region. The most recent one caused lots of damages to many pagodas and temples in Bagan, heart of Myanmar.

Yangon lies close to the Sagaing Fault, which stretches about 1,500 kilometres from northern Myanmar to the Gulf of Mottama and is the most active fault in the country. In 1930, the magnitude 7.0 earthquake killed 500 people in Bago Region and 50 were in Yangon and at that time population of the city was just 400,000. Now Population in Yangon is now more than 6 million and the city is undergoing rapid transformation. If the earthquake happens to the city, no one can predict damages and losses. Therefore preparations for an earthquake are urgently needed in Yangon. To get proper preparedness, a public forum will be organized to call all stakeholders; 1) to increase 2) to wake up concerned stakeholders for earthquake preparedness and response and 3) to organize key players for strengthening earthquake preparedness and response capacity of Yangon Region through contingency planning.

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ဒုတိယအကြီးဆုံးနိုင်ငံဖြစ်ပြီး လူဦးရေသန်း၅၀ကျော်နေထိုင် ကြသည်။ ပထဝီဝင်အနေအထားအရ သဘာဝဘေးအန္တရာယ်အမျိုးမျိုးကိုကြုံတွေ့နိုင်သည့်ဒေသတစ်ခု ဖြစ်ပြီး ၂၀၀၄ခုနှစ် အိန္ဒိယသမုဒ္ဒရာတွင်ဖြစ်ပေါ်ခဲ့သော ဆူနာမီလှိုင်းသည် နိုင်ငံ၏တောင်ဘက်ပိုင်းရှိ ကမ်းခြေဒေသ များသို့ ထိခိုက်မှုများရှိခဲ့သည်။ ၂၀၀၈ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သောနာဂစ်မုန်တိုင်းကြောင့်လည်း လူပေါင်း ၁၄၀၀၀၀ ခန့် သေဆုံးခဲ့ပြီး နိုင်ငံ၏ထိခိုက်ဆုံးရှုံးမှုများသော သဘာဝဘေးအဖြစ်မှတ်တမ်းတင်ခဲ့သည်။ ထို့အပြင် ၂၀၁၀ခုနှစ် တွင် ဖြစ်ပေါ်ခဲ့ဂီရိမုန်တိုင်းနှင့် ၂၀၁၅နှင့် ၂၀၁၆ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော ရေလွှမ်းမှုများကြောင့် နိုင်ငံအဝှမ်း ထိခိုက် ဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သည်။

စစ်ကိုင်းပြတ်ရွေ့၊ ကျောက်ကြမ်းပြတ်ရွေ့၊ ရခိုင်ပြတ်ရွေ့များပေါ်တွင် တည်ရှိနေခြင်းကြောင့် မြေငလျင်သည် မြန်မာနိုင်ငံ၏ သိသာထင်ရှားသော သဘာဝဘေးအန္တရာယ်တစ်ခုဖြစ်သည်။ မြန်မာ့သမိုင်းတွင်လည်း ကြီးမားသော မြေငလျင်လှုပ်ခြင်းများရှိခဲ့ကာ အသက်ဆုံးရှုံးခြင်း၊ အိုးအိမ်ပစ္စည်းများ ပျက်စီးဆုံးရှုံးခြင်း၊ ရှေးဟောင်းအဆောက် အအုံများပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့သည်။ ၂၀၁၁ ခုနှစ်တွင် ရှမ်းပြည်နယ် အရှေ့ပိုင်းတွင်ဦးတည် လှုပ်ခတ် ခဲ့သောကြောင့် အင်အား ၆.၉ အဆင့်ရှိသော မြေငလျင်ကြောင့် ခန့်မှန်းခြေ လူ ၈၀ခန့်သေဆုံးခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် စစ်ကိုင်းပြတ်ရွေ့ကြောင့် ဖြစ်သော အင်အား ၆.၈ အဆင့်ရှိငလျင်သည် မန္တလေးမြို့၏မြောက်ဘက် ၁၀၀ ကီလိုမီတာအကွာတွင်ဖြစ်ပွားခဲ့သည်။ ရွှေဘိုငလျင်ကြောင့် လူ၂၆ယောက်သေဆုံးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု ကြီးမားခဲ့သည်။ မကြာသေးသော ကာလ ၂၀၁၆ခုနှစ် ဧပြီလတွင်လည်း အင်အား ၆.၈ အဆင့်ရှိသော မြေငလျင်တစ်ခုသည် စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့အနီးတွင် ဖြစ်ပွားခဲ့သည်။ ထို့အတူ ၂၀၁၆ခုနှစ် သြဂုတ်လ တွင် အင်အား ၆.၈ အဆင့်ရှိသော မြေငလျင်တစ်ခုသည် မကွေးတိုင်းဒေသကြီး ချောက်မြို့နယ်အတွင်း ထပ်မံလှုပ်ခတ်ခဲ့ရာ မြန်မာနိုင်ငံအလယ်ပိုင်း ပုဂံဒေသရှိ ဘုရားပုထိုးများ ပျက်စီးဆုံးရှုံးမှုများခဲ့သည်။

ရန်ကုန်မြို့သည် နိုင်ငံတွင်း သက်ဝင်အလှုပ်ရှားဆုံးဖြစ်ပြီး နိုင်ငံမြောက်ပိုင်းမှ မုတ္တမပင်လယ်ကွေ့ထိ ကီလိုမီတာ ၁၅၀၀ခန့်အကွာအဝေးနှင့် သွယ်တန်းနေသည့် စစ်ကိုင်းပြတ်ရွေ့အနီးတွင် တည်ရှိသည်။ ၁၉၃၀ ခုနှစ်တွင် အင်အား ၇.၀အဆင့်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ပဲခူးဒေသတွင် လူဦးရေ ၅၀၀ ခန့်နှင့် ရန်ကုန်မြို့တွင် လူဦးရေ ၅၀ခန့်သေဆုံးခဲ့သည်။ ထိုစဉ်က ရန်ကုန်မြို့၏လူဦးရေမှာ ၄၀၀၀၀၀ခန့်သာရှိပြီး ယခုအခါတွင် ရန်ကုန်မြို့ ၏လူဦးရေသည် ၆သန်းကျော်ရှိသည်။ မြို့တော်သည်လည်း လျင်မြန်စွာ ပြောင်းလဲ တိုးတက်လျက်ရှိရာ အကယ်၍ မြေငလျင်တစ်ခုခု၏ လှုပ်ခတ်ဒဏ်ကိုခံရလျှင် ဆုံးရှုံးမှုနှင့် ပျက်စီးမှုများကို မည်သူမျှခန့်မှန်းနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ရန်ကုန်မြို့တွင် မြေငလျင်နှင့် ပတ်သက်သော ကြိုတင်ပြင်ဆင် မှုများကို အလျှင်အမြန် ဆောင်ရွက်ရန် လိုအပ်နေသည်။ နည်းလမ်းတကျ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် သက်ဆိုင်ရာပါဝင်ပတ်သက် သူများနှင့် လူထုဖိုရမ်တစ်ခုပြုလုပ်မည်ဖြစ်သည်။ ဖိုရမ်၏ ရည်ရွယ်ချက် များမှာ (၁) မြေငလျင်နှင့် ပတ်သက်သော ကြိုတင်ပြင်ဆင်မှုများ၊ တုံ့ပြန်မှုဆောင်ရွက်မှုများအပေါ် ရန်ကုန်တိုင်းဒေသကြီးတွင်းရှိ ပြည်သူလူထုများ၏ အသိပညာတိုးတက်လာစေရန်၊ (၂)မြေငလျင်နှင့် ပတ်သက်သော ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်ဆောင်ရွက်များအပေါ် ပါဝင်ပတ်သက်ဆောင်ရွက်နေသူများအကြား နှိုးဆော်မှုတစ်ခုဖြစ်လာစေရန်၊ (၃) မြေငလျင်နှင့် ပတ်သက်သော အရေးပေါ်အစီအစဉ်များအားကြိုတင်ရေးဆွဲထားနိုင်ခြင်းဖြင့် ဒေသတွင်း ကြိုတင်ပြင်ဆင်မှု၊ တုံ့ပြန်ဆောင်ရွက်မှု စွမ်းဆောင်ရည် အားကောင်းလာစေရန် အဓိကပါဝင်ပတ်သက်နေသူများမှ စုစည်းဆောင်ရွက်ရန်တို့ဖြစ်သည်။

OBJECTIVES

  1. To increase community awareness on earthquake preparedness and response in Yangon Region
  2. To wake up concerned stakeholders for earthquake preparedness and response
  3. To organize key players for strengthening earthquake preparedness and response capacity of Yangon Region
  4. To organize key player to establish quick and effective earthquake response mechanism and plan for Yangon Region

THEMES

  • Awareness raising
  • Preparedness and response
  • Emergency Medical Response
  • Relief and Rehabilitation

ဆွေးနွေးမည့်ခေါင်းစဉ်များ

  • ပြည်သူလူထုအား မြေငလျင်ဆိုင်ရာ အသိပညာတိုးပွားအောင် ဆောင်ရွက်ခြင်း
  • မြေငလျင် အန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းများ
  • ငလျင်ဖြစ်ပွားပြီးနောက် အရေးပေါ်ဆေးကုသရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
  • ငလျင် ဖြစ်ပွားပြီးနောက် အရေးပေါ် ကယ်ဆယ်ရေး နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ

REGISTRATION

  • Free
  • Pre-registration (On-line/ email / Phone)
  • On-site registration

မှတ်ပုံတင်ခြင်း

MEAL AND SNACK

  • Refreshment and lunch will be provided

အကျွေးအမွေးအစီအစဉ်

  • နေ့လည်စာ၊ လ္ဘက်ရည်၊ ကော်ဖီ တို့ဖြင့်ဧည့်ခံပါမည်။

LANGUAGE

  • Bilingual (Preferably Myanmar)
  • Simultaneous translation will be provided

ဆွေးနွေးမည့် ဘာသာစကား

  • မြန်မာဘာသာ (တိုက်ရိုက်ဘာသာပြန်ထားရှိပါသည်။)

TRANSPORT SHUTTLE

  • Shuttle buses will be running from 7:00-9:00 am in the morning and 3:00 to 5:00 pm in the afternoon on event day
  • (Pick up - Tha Mar Daw Clinic, 8 mile junction to MCC)
  • (Drop off – MCC to Tha Mar Daw Clinic, 8 mile junction)

ကြိုပို့ယာဉ်

  • မရမ်းကုန်း၊ ရှစ်မိုင်လမ်းဆုံ၊ သမားတော်ဆေးခန်းမှ မြန်မာကွန်ဗင်းရှင်းစင်တာ သို့ ကြိုပို့ယာဉ်များ စီစဉ်ထားပါသည်။
    (နံနက် ၇း၀၀ နာရီမှစ၍ ၁၅မိနစ်တစ်ကြိမ်ထွက်ပါသည်။)

FIRST AID

  • First aids and emergency medical services will be available (TBC)

Earthquake Forum Yangon

Event Venue

This event is over. For more information, please contact the organiser