Star Academy (Star Resources Academy) သင်တန်းကျောင်းသည် ၂၀၀၅ ခုနှစ်၊ မေ ၁ ရက်နေ့တွင် စတင်တည်ထောင်ခဲ့ပြီး အမှတ် ၂၆၇၊ အခန်း ၂၀၂၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ထားပါသည်။
ထိုသင်တန်းကျောင်းသည် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း နှင့် ပတ်သက်သော သင်တန်းများကို သင်ကြားပြီး ဟိုတယ်နှင့် ခရီးသွားဝန်ကြီးဌာန၏ အသိအမှတ်ပြု လက်မှတ်များကို ချီးမြှင့်မည် ဖြစ်ပါသည်။
သင်ကြားပို့ချမည့် သင်တန်းများ
သင်တန်းများမှာ diploma in hospitality & tourism management ၊ diploma in hotel management ၊ master of business administration (MBA) in hospitality management ၊ hospitality & tourism management course (level 3, 4) ၊ international culinary course (level 2) ၊ international bakery & pastry course (level 2) ၊ front office operation course (level 2) ၊ food & beverage service course (level 2)၊ housekeeping operation course (level 2)၊ hospitality English course စသည်တို့ကို သင်ကြားပါသည်။